ဝမ်းတွင်း ၂၃ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင်၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၅ ရက်နေ့မှ စတင်ကာမြို့နယ်အတွင်း ကျေးရွာအုပ်စုများနှင့် မြို့ပေါ်ရပ်ကွက်များတွင် ကောက်ယူခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်တွင် ကြားဖြတ်သန်းခေါင်စာရင်းနှင့် လူဦးရေအချက်အလက်များရယူရန် ကျေးရွာအုပ်စု (၁၇) အုပ်စုနှင့် မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်၊ စုစုပေါင်းစံနမူနာ ကောက်ကွက်(၂၀)ကွက်ဖြင့် စာရင်းများကောက်ယူလျှက်ရှိကြောင်း၊ ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူရာတွင် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးအစရှိ သောအသေးစိတ် ကဏ္ဍများနှင့်မိသားစု အလိုက်၊တစ်ဦးချင်း အချက်အလက်များစွာ ပါဝင်တာကြောင့် ပြီးပြည့်စုံတဲ့ ကောက်ခံမှုဖြစ်ပါကြောင်းကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှုးရုံးမှ ဦးစီးအရာရှိ ဦးတင်ထွန်းထံမှ သိရသည်။
အဆိုပါ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူရာ၌မြို့နယ်အတွင်း စံနမူနာကောက်ကွက် (၂၀) သတ်မှတ်ကာအဖွဲ့(၃)ဖွဲ့ ဖွဲ့စည်းပြီး ကောက်ကွက်တစ်ကွက်လျှင်(၃၅) အိမ်နှုန်းဖြင့်လူဦးရေ အချက်အလက်စာရင်းများ ကောက်ယူလျှက်ရှိကြောင်းနှင့် ကောက်ကွက်အလိုက် စာရင်းများ ကောက်ယူနေမှုကိုလည်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ခရိုင်ဦးစီးမှုးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထူးအောင်၊မြို့နယ်အုပ် ချုပ်ရေးမှုးဦးမျိုးတင့်၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာမြို့နယ်ဦးစီးမှုး ဦးတင်ထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများက လိုအပ်သည်များကူညီဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)