ကာမိုင်း ၂၃ ဇန်နဝါရီ
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် အခမဲ့နယ်လှည့်ဆေးကုသမှု အစီအစဉ်အရ ပြည်နယ် အတွင်းမှ အထူးကုဆရာဝန်ကြီးများအဖွဲ့သည် ဇန်နဝါရီ ၂၂ ရက် မွန်းလွဲပိုင်းက ဖားကန့်မြို့နယ် ကာမိုင်းမြို့တွင် ဒေသခံပြည်သူများအား ရောဂါရှာဖွေခြင်း ဆေးဝါးကုသပေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကချင်ပြည်နယ် အထူးကုဆရာဝန်ကြီးများပါဝင်သည့် အခမဲ့နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ဇန်နဝါရီ ၂၂ ရက် မွန်းလွဲ ၁၂ နာရီခွဲက ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၊ မြို့မရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း မြစိမ်းရောင်ခန်းမ၌ ကာမိုင်းမြို့ပတ်ဝန်းကျင်ရှိ ကျေးရွာအုပ်စု(၇)စုမှ ဒေသခံ ပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်းများပြုလုပ်ကာ ကလေးလူနာ(၄၀)ဦး၊ သားဖွားမီးယပ်လူနာ (၁၅)ဦး၊ အရိုးလူနာ(၁၉)ဦးနှင့် အထွေထွေလူနာ(၁၇၂)ဦး စုစုပေါင်း လူနာ ၂၄၆ ဦးအား ဆေးဝါများ ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)