တောင်ကြီး ၂၃ ဇန်နဝါရီ
အမေရိကန်သံရုံးနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော Community Champions Follow- UPS, Soccer, Clinic ဘောလုံးသင်တန်းဖွင့်ပွဲကို ဇန်နဝါရီ ၂၂ ရက် ညနေ ၃ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ သစ်ပင်ထောင်ရပ်ကွက်ရှိ အားကစားနှင့် ကာယပညာသိပ္ပံ(တောင်ကြီး)ကျောင်း၌ ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး H.E.Mr Scot Marcielမှ နှုတ်ခွန်းဆက်စကား ပြောကြား၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဌမှ အမှာစကား ပြောကြားကာ ပြည်နယ်လူမှုရေးဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူတို့က ကွင်းအတွင်းသို့ ဘောလုံးကန် ဖွင့်လှစ်ပေးပြီး အားကစားသမားများအား လိုက်လံ နှုတ်ဆက်ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။

မောင်မောင်သန်း (တောင်ကြီး)
