မြဝတီ ၂၃ ဇန်နဝါရီ
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ခရိုင်စည်ပင်သာယာရေးကော်မတီဦးဆောင်မှုဖြင့် ခရိုင်စည်ပင်သာယာရေးအဖွဲ့မှ မြို့တွင်းလမ်းများအား ကွန်ကရစ်များခင်းကျင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြဝတီမြို့ အမှတ်(၅) ရပ်ကွက် ဦးအောင်ဇေယျလမ်းအား စက်ယန္တရားများဖြင့် တိုးချဲ့ ဆောင်ရွက်လျက်ရှိသည်။
မြဝတီမြို့နယ် စည်ပင်သာယာရေးကော်မတီဦးဆောင်မှုဖြင့် ခရိုင်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် မြို့တွင်းလမ်းများအား ကွန်ကရစ်များ ခင်းကျင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အမှတ်(၅) ရပ်ကွက် ဦးအောင်ဇေယျလမ်းအား တိုးချဲ့ပြီး ကတ္တရာများ ခင်းကျင်းသွားမည်ဖြစ်ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)
