ထီးချိုင့် ၂၃ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် တားမြစ်ဆေးစားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်းရှိ/မရှိ ရှောင်တခင်ဝင်ရောက်စစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ထီးချိုင့်မြို့ မြို့မဈေးအတွင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာ၌ ကုန်စုံဆိုင်များတွင် ရောင်းချနေသော အစားအသောက်များ၊ သက်တမ်းလွန် အစားအသောက်များ၊ စားသောက်ကုန်တွင် ဖော်ပြထားသော အလေးချိန်ပြည့်မှီမှုရှိ/မရှိနှင့် စားသုံးသူကာကွယ်ရးဉပဒေ ပုဒ်မ ၄၃ အရ စီးပွာရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပြီးနောက် သတ်မှတ်ချက်နှင့်မညီသော စားသောက်ကုန်များကို သိမ်းဆည်း၍ ဆက်လက်မရောင်းချရန်နှင့် ရောင်းချခြင်းတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဉပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ပညာပေးပြောကြားခဲ့သည်။
အဆိုပါ ရှောင်တခင်ဝင်ရောက်စစ်ဆေးရာသို့ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်စိန်ဌေးနှင့် ဒု-ဦးစီးမှူး ဦးစိုးစိုး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒု-ဦးစီးမှူး ဦးထူးဇော်အောင်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဦးကျော်မင်းနိုင်နှင့် မြို့နယ်စည်ပင်သာယာမှ ဝန်ထမ်းများ ပါဝင်စစ်ဆေးခဲ့ကြောင်း သိရသည်။
ရဲလင်းထွန်း (ပြန်/ဆက်)