ကရသူရိ ၂၃ ဇန်နဝါရီ
တပ်ရင်းမိသားစုများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးနှင့် အသိပညာဗဟုသုတ ရရှိရေးအတွက် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ အမှတ်(၅၅၅)တပ်ရင်း၌ ယနေ့နံနက်က မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲကို ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်ခြင်းကို အမှတ်(၅၅၅)တပ်ရင်းမှ အရာရှိများနှင့် မီးသတ်ဦးစီးဌာနမှ လက်ထောက် မီးသတ်ဦးစီးမှူးနှင့် အဖွဲ့ဝင်များဖြင့်မီးကြွင်း/မီးကျန်များ၊ လျှပ်စစ်ဝါယာကြိုးများနှင့် ဂက်(စ်)မီးဖိုးများ စသည့်တို့ကို ပေါ့ဆစွာ အသုံးမပြုကြရေးနှင့် လတ်တလော မီးလောင်မှုဖြစ်ပေါ်လာပါက မီးငြှိမ်းသတ်နည်း အဆင့်ဆင့်ကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်း အဆိုပါ သရုပ်ပြပွဲသို့ အမှတ်(၅၅၅)တပ်ရင်းမှ တပ်ရင်းမိသားစုများ လာရောက်လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
စိုးဝင်း(ပြန်/ဆက်)


