နေပြည်တော် ၂၃ ဇန်နဝါရီ
နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားတိုးတက်စေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုရာတွင် စက်ရုံအလုပ်ရုံများ၏ ကုန်ထုတ်စွမ်းအားတိုးတက်ရေးအတွက် လုပ်ငန်းခွင် ဘေး အန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်အေးချမ်းသာယာရေး၊ စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမား များအားလူမှုဖူလုံရေး အကျိုးခံစားခွင့်များရရှိရေးနှင့် ဆေးဝါးကုသပေးခြင်း၊ ဥပဒေပါရပိုင်ခွင့်များကို ပြည့်ပြည့်ဝဝ မှန်မှန်ကန်ကန်ရရှိစေရေးတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျှက်ရှိသည်။
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အနေဖြင့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ပုံစံဖြင့် ကျား (၁၂၃၂၈) ဦး၊ မ (၃၄၂၇၉)ဦး တို့အတွက် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် စုစုပေါင်း(၄၆၆၀၇)ဦးချုပ်ဆိုခဲ့သည်။
အလုပ်ရှင်/အလုပ်သမား အငြင်းပွားမှုများကို ညှိနှိုင်းဖျန်ဖြေပေးရန်အတွက် မြို့နယ်များတွင ်မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များကို ဖွဲ့စည်းထားရှိဆောင်ရွက်ခဲ့ရာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း လက်ခံရရှိမှု(၁၁၁)မှုတွင် ကျေအေးမှု(၄၀)မှု၊ ခုံသမာဓိအဖွဲ့သို့လွှဲ ပြောင်းမှု(၁၄)မှုပိတ်သိမ်းမှု(၇)မှုနှင့် ငွေကြေးအကျိုးခံစားခွင့်(၅၀)မှုတို့ဖြစ်ပြီး ငွေကြေးအကျိုးခံစား ခွင့်ရှိသူ(၁၅၄)ဦးအားငွေကျပ် ၈၅,၈၀၆,၂၀၄ ကိုခံစားခွင့် ရရှိစေခဲ့သည်။ ကျွမ်းကျင်လုပ်သားများ ရရှိစေရန်လေ့ကျင့်ပေးခြင်းနှင့် ကျွမ်းကျင်မှုအဆင့်အလိုက် ကျွမ်းကျင်လုပ်သားများအား ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်၍ အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးခြင်းများအနေဖြင့် အောက်ပါအတိုင်း ဖြစ်သည်-
အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနအနေဖြင့် အများပြည်သူအလုပ်ပိတ် ရက်အလုပ်လုပ်ခြင်း၊ လုပ်သက်ခွင့်ကိုငွေကြေးဖြင့် ခံစားခွင့်ပေးခြင်း၊ လုပ်အားခကျန်ငွေမရရှိမှုများ၊ ရှောင်တခင်ခွင့်၊ ဆေးခွင့်နှင့် မီးဖွားခွင့်များယူရာတွင် ငွေကြေးခံစားခွင့်များရရှိအောင် ဆောင်ရွက် ပေးခဲ့ရာငွေကြေးခံစားခွင့် ငွေကျပ်သိန်းပေါင်း ၅၉၀၀၀ ကျော်နှင့် အမေရိကန် ဒေါ်လာ ၈၆၅၈၁ ဒသမ ၄၆၀ ကိုခံစားခွင့် ပေးနိုင်ခဲ့ပြီး စက်ရုံ/အလုပ်ရုံများတွင် အလုပ်သမားများ လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအသိပညာ ရရှိစေရန်အတွက် မြို့နယ်အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီး ဌာန၊ စစ်ဆေးရေးအရာရှိများက စက်ရုံ/အလုပ်ရုံ(၃၀၀)ရုံမှ အလုပ်ရှင်၊ အလုပ်သမားများအား လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးဆိုင်ရာနှင့် ဥပဒေရေးရာသိမှတ်ဖွယ်ရာများအား ပညာပေးဟောပြောပို့ချမှု (၂၁၁) ကြိမ် ဆောင်ရွက်ခဲ့သည်။
အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အလုပ်ရှင်အလုပ်သမား အငြင်းပွားမှုများ ဖြေရှင်းဆောင်ရွက်ရာ၌ ခုံသမာဓိအဖွဲ့တွင်(၁၇)မှုနှင့် ခုံသမာဓိကောင်စီတွင်(၆)မှု ကိုဖြေရှင်းဆောင် ရွက်ပေးခဲ့နိုင်ခဲ့သည်။
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လူမှုဖူလုံရေးဥပဒေတွင် အကျုံးဝင်သောစက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများအား လူမှုဖူလုံရေးအကျိုးခံစားခွင့်များရရှိရေးနှင့် ဆေးဝါးကုသပေးခြင်းများဆောင် ရွက်ရာတွင် ငွေကြေးအကျိုးခံစားခွင့်များ ထုတ်ပေးမှုအနေဖြင့် အာမခံအလုပ်သမားများအား ငွေကြေးအကျိုးခံစားခွင့်များအလိုက် ငွေကျပ်သိန်းပေါင်း ၁၄၀၀၀ ကျော်အကျိုးခံစားခွင့်ပေးခဲ့ပြီး အာမခံအလုပ် သမား ၁၁၆၂ ဦးအတွက် ဆေးဖိုးကုန်ကျငွေကျပ်သိန်း ၁၀၀၀ ကျော် ပြန်လည်ထုတ်ပေးခဲ့သည်။
အာမခံအလုပ်သမားများအား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အလုပ်သမားဆေးရုံကြီးများ၊ လူမှုဖူလုံရေး ဆေးခန်းများနှင့် ဌာနကြီးဆေးခန်းများတွင် ဆေးကုသပေးမှု အခြေအနေများမှာ အောက်ပါအတိုင်းဖြစ်သည်-
(သတင်းစဉ်)