ညောင်ရွှေ ၂၄ ဇန်နဝါရီ
ညောင်ရွှေမြို့တွင်ရောက်ရှိနေသော အီတလီနိုင်ငံ Veneto ဒေသ Porto Viro ခရီးသည် လေးဦးပါ စက်ဘီးစီးအဖွဲ့သည် နှစ်ညတာ တည်းခိုရပ်နား၍ ညောင်ရွှေမြို့နှင့် အနီးဝန်းကျင်ရှိကျေးရွာများသို့ သွားရောက်လေ့လာ လည်ပတ်ခဲ့ကြပြီး ဇန်နဝါရီ ၂၄ ရက် နံနက် ၈ နာရီတွင် ညအိပ်တည်းခိုရာ Teak Wood Hotel မှ စက်ဘီးစီးနင်းထွက်ခွာ၍ ရွှေရန်ပြေကျေးရွာရှိ ရွှေရန်ပြေရှေးဟောင်းဘုန်းတော်ကြီးကျောင်းသို့ သွားရောက်လေ့လာပြီး လိုက်ပါပို့ဆောင်သူများနှင့်အတူ အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
အဆိုပါ စက်ဘီးစီးအဖွဲ့သည် ညောင်ရွှေမြို့နယ်၊ ရွှေရန်ပြေကျေးရွာမှတစ်ဆင့် ပင်းတယမြို့သို့ မော်တော်ယာဉ်ဖြင့် ဆက်လက်ထွက်ခွာသွားကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ