ငါန်းဇွန်  ၂၄   ဇန်နဝါရီ

 

(၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် လွှတ်တော်ကိုယ်စားလှယ်များ ဖလား နွားအကျော့ မောင်းပြိုင်ပွဲကို  မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့ ရှင်ပင်မိုးကောင်းဘုရား ဝတ္တကဝန်းအတွင်း ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီထံမှ သိရသည် ။

 

855

 

"ကျွန်တော်တို့  ငါန်းဇွန်မြို့မှာ  (၇၃)နှစ်မြောက်  ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ်   အားကစား ပြိုင်ပွဲများ၊ လွှတ်တော်ကိုယ်စားလှယ်များဖလား  နွားလှည်းအကျော့ မောင်းပြိုင်ပွဲများကို  စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ဒီနှစ်ရဲ့ ထူးခြားချက်တစ်ခုက  စိန်ခေါ် နွားလှည်းမောင်းပြိုင်ပွဲ  (အကယ်ဒမီတန်း) ကိုလည်း  ထည့်သွင်းကျင်းပမှာဖြစ်ပါတယ်။ နွားလှည်းပြိုင်ပွဲ  ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကတော့   ငါန်းဇွန်မြို့နယ်  အတွင်းရှိ  ကျေးလက်နေ  တောင်သူလယ်သမားများ၏  လူမှုစီးပွားဘဝ ပိုမိုမြှင့်တင်ပေးနိုင်ရန်နှင့် မြန်မာ့ရိုးရာအမွေအနှစ်  အစဉ်အလာကောင်းများကို  ထိန်းသိမ်းဆောင်ရွက်သွားနိုင်ရန်  ရည်ရွယ်ပါတယ်။ နွားလှည်း ပြိုင်ပွဲကို  နှစ်စဉ် ကျင်းပမည်ဖြစ်ပြီး  ထိုက်ထိုက်တန်တန် ဆုချီးမြှင့်သွားမှာ ဖြစ်ပါတယ်"ဟု ငါန်းဇွန်မြို့နယ်  တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် / နွားအကျော့မောင်းပြိုင်ပွဲ ကော်မတီနာယက ဦးကျော်စိုးနိုင် က ပြောကြားသည်။

 

693

 

"အဆိုပါ နွားလှည်းအကျော့မောင်းပြိုင်ပွဲကို သွားမစိုက်တန်း/သွားနှစ်ခြောင်း စိုက်တန်း/ သွားလေးချောင်း စိုက်တန်း/သွားခြောက်ချောင်းစိုက်တန်း/အကြီးတန်းဆိုပြီး ငါးမျိုးကျင်းပမှာပါ။ ပြိုင်ပွဲဆုကိုတော့ ပထမဆု ၁၅၀ဝ၀ဝ ကျပ် ဒုတိယဆု ၁၀ဝ၀ဝ၀ ကျပ်  တတိယဆုကို ၇၀ဝ၀ဝ ကျပ် နှစ်သိမ့်ဆုကို ၂၀ဝ၀ဝ ကျပ်ဆုချီးမြင့်ပေးသွားမှာပါ ဟု နွားအကျော့မောင်းပြိုင်ပွဲ ကော်မတီ အတွင်းရေးမှူး ဦးကျော်ဝင်းက ပြောကြားသည်။

 

ငါန်းဇွန်မြို့နယ် (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် လွှတ်တော်ကိုယ်စားလှယ်များ ဖလား နွားအကျော့မောင်းပြိုင်ပွဲကို လာမည့် ဖေဖော်ဝါရီ ၉ ရက်နေ့မှ စတင်၍ ၁၁ ရက်နေ့အထိ ယှဉ်ပြိုင်ကျင်းပမည်ဖြစ်ပြီး ပြည်ထောင်စုနေ့တွင် ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း နွားအကျော့မောင်း ပြိုင်ပွဲ ကော်မတီထံမှ သိရသည်။

 

ဘိုဘို(မလှိုင်)