ဗန်းမော်  ၂၄  ဇန်နဝါရီ

 

ကချင်ပြည်နယ် ဗန်းမော်မြို့ မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်း၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေး ပဒေသာပြပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၃ ရက် နံနက် ၉ နာရီက အဆိုပါကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

2

 

 အခမ်းအနားတွင် ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်က အဖွင့်အမှာစကားပြောကြားပြီး မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်အုပ်ချုပ်သူ ဆရာမကြီးဒေါ်သင်းပျံ့ကြူက ကျေးဇူးတင်စကား ပြောကြားခဲ့ကာ ကျောင်းသားကျောင်းသူလေးများက တေးသီချင်းများဖြင့် ကပြ ဖျော်ဖြေခဲ့ကြသည်။

 

74265

 

 အဆိုပါ ပညာရေးပဒေသာပြပွဲကို ဇန်နဝါရီ ၂၃ ရက်မှ ၂၄ ရက်အထိ နှစ်ရက်ကျင်းပမည်ဖြစ်ပြီး ကလေးများ ဗဟုသုတရစေရန်အတွက် ကာတွန်း၊ ပိုစတာ၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သမိုင်း၊ ပထဝီ၊ ကင်းထောက်၊ လက်မှု၊ ဂီတ စသည့်ပြခန်းများ ပြသထားရှိပြီး အရုပ်ဆက်နှင့် အမေးအဖြေဉာဏ်စမ်း ပြိုင်ပွဲများ ထည့်သွင်းကျင်းပခဲ့ကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)