စဉ့်ကိုင် ၂၅ ဇန်နဝါရီ

 

လျှပ်စစ်နှင့် စွမ်းအင်၀န်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်းမှ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ ချေးငွေဖြင့် ဘယ်လင်း(၂၃၀)ကေဗွီ ဓာတ်အားခွဲရုံအတွင်း (၃၀၀)မဂ္ဂါ၀ပ် သဘာ၀ဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းနှင့် ပတ်သက်၍ ပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီခွဲက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ဧည့်ပြကျေးရွာ၊ ကုန်းမြင့်သာကျောင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

6

 

 

ရှေးဦးစွာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲထွန်းဇော်က စီမံကိန်းအတွက် မြစ်ငယ်မြစ်ရေမှ ရေသွယ်ယူခြင်း ဆောင်ရွက်ရန် ယခင်သတ်မှတ်ထားသည့် ရေပိုက်လိုင်းလမ်းကြောင်းမှာ မက္ခရာမြို့ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းမှ မြို့ရိုးဟောင်း (၄)နေရာ ပါ၀င်နေသဖြင့် ထိခိုက်နစ်နာမှုများ မဖြစ်ပေါ်စေရန်အတွက် ယခု အသစ်ပြန်လည်ရေးဆွဲခဲ့ပြီးသော ပိုက်လိုင်းလမ်းကြောင်းနှင့် ပတ်သက်၍ အသိပေးရှင်းလင်း ပြောကြားခဲ့သည်။

 

 

14

 

ထို့နောက် တက်ရောက်လာသော ဒေသခံကျေးရွာပြည်သူများမှ မိမိတို့သိရှိလိုသည်များကို မေးမြန်ကြရာ တာ၀န်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။ တွေ့ဆုံဆွေးနွေးပွဲသို့ ဖိတ်ကြားထားသော မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာပြည်သူများ တက်ရောက်ခဲ့ကြသည်။

 

 

ဝင်းဝင်းသန်း(စဉ့်ကိုင်)

မြို့နယ်(ပြန်/ဆက်)