အိမ်မဲ ၂၅ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ရွာသစ်ကျေးရွာနှင့် အိမ်မဲ-မြောင်းမြ ကားလမ်းတစ်လျှောက် စုပေါင်းအမှိုက်ကောက်ခြင်း၊ သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းအမှိုက်ကောက်ခြင်း၊ သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ဒေသခံပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အိမ်မဲမြို့နယ် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာ သန့်ရှင်းသာယာလှပရေး အထောက်အကူပြု အဖွဲ့များ စုစုပေါင်း အင်အား (၂၀ဝ)ကျော်မှ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရွာသစ်ကျေးရွာနှင့် အိမ်မဲ-မြောင်းမြ ကားလမ်းမတစ်လျှောက် သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးမှ ကြည့်ရှုအားပေးခဲ့ပြီး အိမ်မဲမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများမှ ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဌေးဌေးလှိုင်(ပြန်/ဆက်)