သုံးခွ ၂၆ ဇန်နဝါရီ
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးတင်မြင့်အောင်နှင့် အဖွဲ့သည် ဇန်နဝါရီ ၂၅ ရက် နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်များရှိ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးရောင်းချသော ဆေးဆိုင်များအား ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့စစ်ဆေးရာတွင် ရောင်းချခွင့်လိုင်စင်ရှိ/မရှိ၊ လိုင်စင်သက်တမ်း ကုန်ဆုံးခြင်းရှိ/မရှိ၊ ရောင်းချပစ္စည်းများ စံချိန်စံညွှန်းပြည့်ဝမှုရှိ/မရှိ၊ ဥပဒေအရ တားမြစ်ထားသော၊ မှတ်ပုံတင်ထားခြင်းမရှိသော ပစ္စည်းများ ရောင်းချခြင်းရှိ/မရှိ၊ သက်တမ်းလွန်ပစ္စည်းများ ရောင်းချခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြသည်။ ထို့ပြင် ပိုးသတ်ဆေးများ သိုလှောင်ရောင်းချရာတွင် ဘေးအန္တရာယ်မဖြစ်အောင် စနစ်တကျ လုံခြုံစွာသိုလှောင်ထားခြင်း ရှိ/မရှိကိုလည်း စစ်ဆေးခဲ့ပြီး ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးတို့နှင့် ပတ်သက်၍ ဥပဒေအကြောင်းအရာများကို အသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြောင်း သိရှိရသည်။
ကိုကျော်(သုံးခွ)