မယ်စဲ့ ၂၆ ဇန်နဝါရီ 

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က မယ်စဲ့မြို့နှင့် ပန်တိန်းကျေးရွာအကြား ရင်ကွဲတောင်အနီး လျှိုထဲရှိ သစ်ပင်သုံးပင်သည် ဆွေးမြေ့၍ ဖားဆောင်း-မယ်စဲ့ ၃၃ ကေဗွီ ဓာတ်အားလိုင်းပေါ်သို့ လဲကျသဖြင့် မယ်စဲ့မြို့နယ်အတွင်း၌ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်ကျော်စန်းထံမှ သိရှိရသည်။

ယင်းသို့ဖြစ်ပွားမှုကြောင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်ကျော်စန်းနှင့် လျှပ်စစ်ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဓာတ်အားလိုင်းပေါ် ပိကျနေသော သစ်ပင်သုံးပင်အား ချိန်းဆောများဖြင့် ဖြတ်တောက်ဖယ်ရှားကာ လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းကြောင့် ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိပြီဖြစ်ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)