တာချီလိတ်  ၂၆  ဇန်နဝါရီ

ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် လှုပ်ရှားမှုအဖြစ် လူထုစက်ဘီးစီးပွဲကို ယနေ့ နံနက် ၆ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ကျင်းပခဲ့သည်။

 

p1

 

အဆိုပါ လူထုစက်ဘီးစီးပွဲကို ရှမ်းမကွင်းရှေ့မှ စတင်တာထွက်ပြီး ဗိုလ်ချုပ်လမ်းမကြီးအတိုင်း တာချီလိတ်မြို့အဝင် ဆိုင်းဘုတ်အထိ လူထုစက်ဘီးစီးပွဲကို တပျော်တပါး ဆင်နွှဲခဲ့ကြသည်။

 

p2

 

အဆိုပါ ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် လူထုစက်ဘီးစီးပွဲကို မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် MTB Tachileik တို့ ပူးပေါင်းပြီး လစဉ်နောက်ဆုံးပတ် တနင်္ဂနွေနေ့တိုင်း စုပေါင်းစီးနင်းကြမည်ဖြစ်ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း