ရန်ကုန် ၂၆   ဇန်နဝါရီ 

၂၀၂၀ ပြည့်နှစ် တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ရေစက်ချ အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်နှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ ယာယီမင်္ဂလာမဏ္ဍပ်၌ ကျင်းပသည်။

 

‌ေ

 

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသအမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အလှူရှင်များ တက်ရောက်ကြသည်။

 

‌ေ

 

ရှေးဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက်ဆရာတော်ထံမှ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ နီပေါသံအမတ်ကြီး၊  အလှူရှင်များနှင့် ဧည့်ပရိသတ်တို့က ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူကြသည်။

ထို့နောက် ကြွရောက်တော်မူလာကြသည့် ဆရာတော် သံဃာတော်များအား ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ နီပေါသံအမတ်ကြီး၊ အလှူရှင်များနှင့် ဧည့်ပရိသတ်တို့က လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက်ဆရာတော်ထံမှ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ နီပေါသံအမတ်ကြီး၊ အလှူရှင်များနှင့် ဧည့်ပရိသတ်တို့က ရေစက်ချအနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်းအမျှပေးဝေကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ နီပေါ သံအမတ်ကြီး၊ အလှူရှင်များက ဆရာတော် သံဃာတော်အပါး (၁၀ဝ၀) နှင့် သီလရှင် ဆရာလေး အပါး(၅၀ဝ)တို့အား ဆွမ်းဆန်စိမ်းလောင်းလှူကြသည်။

(သတင်းစဉ်)