နေပြည်တော် ၂၇  ဇန်နဝါရီ 

(၃၂)ကြိမ်မြောက် ရဲချုပ်တံခွန်စိုက်ဒိုင်း ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့် ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့၊ ကျိုက္ကဆံအားကစားကွင်း၌ ကျင်းပသည်။

ပြိုင်ပွဲသို့ ဒုတိယရဲချုပ်(၁) ရဲဗိုလ်ချုပ်မျိုးဆွေဝင်း၊ ရဲရေးချုပ် ရဲမှူးချုပ်ဝင်းထွန်း၊ အမှတ်(၂)လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့မှူးရုံး ကွပ်ကဲရေးမှူး၊ ရေကြောင်းရဲတပ်ဖွဲ့မှူး၊ တိုင်းဒေသကြီး/ ပြည်နယ် ရဲတပ်ဖွဲ့မှူးများ၊ ရဲအရာရှိကြီးများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများ၊ ပြိုင်ပွဲဝင်အသင်းများမှ ကြီးကြပ်သူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြပြီး ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးသည်။

ထို့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ကိုယ်စားဒုတိယရဲချုပ်(၁)က ပိတ်ပွဲအခမ်း အနား အမှာစကားပြောကြားပြီး ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရရှိသော အသင်းများအား တာဝန်ရှိသူများကဆုများ ပေးအပ်ကာတံခွန်စိုက်ဒိုင်းဆုရရှိသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ အသင်းအား ဒုတိယရဲချုပ်(၁)က တံခွန်စိုက် ဒိုင်းချီးမြှင့်ပေးအပ်သည်။

အဆိုပါပြိုင်ပွဲကို ဇန်နဝါရီလ ၂၅ ရက်မှ ၂၇ ရက်ထိ ကျင်းပခဲ့ကာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့အသီးသီးမှ ပြိုင်ပွဲဝင်အသင်းပေါင်း(၃၀)ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ရဲတပ်ဖွဲ့မှ နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရေးရည်ရွယ်၍ ရဲချုပ်တံခွန်စိုက်ဒိုင်း ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

(သတင်းစဉ်)