စစ်ကိုင်း ၂၈ ဇန်နဝါရီ
စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီပိုင် အုတ်ကြွပ်မိုးအဟောင်း အချပ်(၂၀ဝ၀)အား တစ်ချပ်လျှင် ငွေကျပ် ၁၀ဝ၀ နှုန်း ကြမ်းခင်းဈေးသက်မှတ်ပြီး ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လေလံလျှောက်လွှာများကို စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီရုံးတွင် ဖေဖော်ဝါရီ(၃)ရက် နေ့မှ (၁၄) ရက်အထိ နံနက် (၁၀) နာရီမှ ညနေ (၄) နာရီထိ ရောင်းချပေးသွားမည် ဖြစ်သည်။
လေလံပိတ်ရက်ကို ဖေဖော်ဝါရီ(၁၉)ရက်နေ့ ဖြစ်ပြီး ဖေဖော်ဝါရီ(၂၁)ရက်၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီရုံးတွင် နံနက်(၁၀)နာရီတွင် လေလံပွဲ စတင်ကျင်းပသွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေး ကော်မတီရုံးမှ သိရသည်။
ပစ္စည်းဟောင်း လေလံဖွင့်လှစ်မည့်ရက်တွင် လေလံတင်သွင်းသူကိုယ်တိုင် လေလံရောင်းချရေး ကော်မတီ၏ ရှေ့မှောက်တွင် ဈေးပြိုင်ပေးသွင်း ယှဉ်ပြိုင်ရမည်ဖြစ်ပြီး လေလံနှင့်ပတ်သက်၍ အသေးစိတ် အချက်များ သိရှိနိုင်ရန် စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီရုံးတွင် လူကိုယ်တိုင် လာရောက်၍ဖြစ်စေ ဖုန်း-ဝ၇၂-၂၁၁၂၇ သို့ဖြစ်စေ ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ကြောင်း အဆိုပါရုံးမှ သိရသည်။
ဇော်မြင့်နိုင်
စစ်ကိုင်းခရိုင်ပြန်/ဆက်