ကနီ ၂၈ ဇန်နဝါရီ
စစ်ကိုင်းတိုက်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့တွင် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ကနီမြို့နယ်အတွင်းရှိ ယစ်မျိုးလိုင်စင်ပြုလုပ်သော ဆိုင်ရှင်များအား ယစ်မျိုးလိုင်စင်ကတ်များ ထုတ်ပေးသည့် အခမ်းအနားကို ယမန်နေ့က အထွေထွေအုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိုက်စိုးထွန်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကိုကိုအောင်တို့က အဖွင့်အမှာစကားပြောကြားပြီး ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်မျိုးဝင်းက ယစ်မျိုးလိုင်စင်ဥပဒေအကြာင်း၊ ယစ်မျိုးလိုင်စင် အမျိုးအစားများအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ကနီမြို့အတွင်းရှိ ယစ်မျိုးလိုင်စင်ပြုလုပ်သော ဆိုင်(၅၅)ဆိုင်မှ ဆိုင်ရှင်များအား တာဝန်ရှိသူများက ယစ်မျိုးလိုင်စင်ကတ်များ အသီးသီးပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ခင်ဝင်းကြည်(ပြန်/ဆက်)
