ဖလမ်း ၂၈  ဇန်နဝါရီ          

 

ဖလမ်းမြို့၊ လုံပီးစိုက်ပျိုးရေး သိပ္ပံကျောင်း၏ ဒုတိယအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာ အောင်လက်မှတ် အပ်နှင်းခြင်းကို ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းက အဆိုပါ ကျောင်းခန်းမ၌ ပြုလုပ်သည်။

 

6

       

ရှေးဦးစွာ ချင်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးကျော်ကျော်ဦးက အမှာစကားပြောကြားသည်။ ထို့နောက် လုံပီးစိုက်ပျိုးရေး သိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဒေါ်ဉမ္မာကျော် က စိုက်ပျိုးရေး ဒီပလိုမာ အောင်လက်မှတ်များကို ကျောင်းသား ကျောင်းသူများအား ပေးအပ်သည်။

 

52

 

ဆက်လက်၍ သင်တန်းကာလ(၃)နှစ်အတွင်း အထူးချွန်ဆုံး သင်တန်းသူ (၃) ဦးကို ဖလမ်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြားအွယ်က ဆုများအသီးသီးပေးအပ်ချီးမြှင့်ပြီး လုံပီးစိုက်ပျိုးရေး သိပ္ပံကျောင်း ကျောင်းအုပ်ကြီးက ဒီပလိုမာအောင်လက်မှတ်အပ်နှင်းပွဲ မိန့်ခွန်းပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

6

 

ချင်းပြည်နယ်၊ ဖလမ်းမြို့၊ လုံပီးစိုက်ပျိုးရေး သိပ္ပံကျောင်းတွင် (၃)နှစ်တာကာလ စာတွေ့၊ လက်တွေ့ဖြင့် ပညာသင်ကြားပြီး အောင်မြင်သော ကျောင်းသား ကျောင်းသူ (၉၂) ဦးတို့ကို ဒုတိယအကြိမ်ဖြင့် စိုက်ပျိုးရေး ဒီပလိုမာ အောင်လက်မှတ်အပ်နှင်းနိုင်ခဲ့ပြီး အဆိုပါ ကျောင်းသား ကျောင်းသူများထဲမှ (၁၀) ဦးသည် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်တွင် တက်ရောက်ခွင့်ရရန် ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့် ရမည်ဖြစ်ကြောင်း သိရသည်။

 

741

 

ဂျွန်( ပြန်/ဆက် )