ရန်ကုန်  ၂၈  ဇန်နဝါရီ  

           

မြန်မာ့ရိုးရာ အားကစား ခြင်းအလှခတ်ပူဇော်ပွဲကြီးကို နှစ်စဉ်နှစ်တိုင်း လောကချမ်းသာအဘယ လာဘမုနိ ရုပ်ပွားတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အတွင်း ထည့်သွင်းကျင်းပခဲ့ရာ (၁၉)ကြိမ် မြောက်ရှိခဲ့ပြီး ခြင်းအဖွဲ့ပေါင်း (၃၃၀) ခတ်ကစားနိုင်ရန် ခြင်းရုံကြီးကိုလည်း တည်ဆောက်ခဲ့သည်။

 

အဆိုပါခြင်းရုံရှေ့၌ ယနေ့ နံနက်(၇)နာရီအချိန်က မြန်မာနိုင်ငံခြင်းလုံး အဖွဲ့ချုပ်မှ ဒုတိယ ဥက္ကဌ ဦးဝင်းတင်၊ နာယကကြီး ဦးစိုးတင့်၊ လောကချမ်းသာခြင်းအဖွဲ့ ဥက္ကဌ ဦးစိန်လှိုင်တို့က လောကချမ်းသာ ခြင်းရုံရှေ့၌ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

           

2

 

အဆိုပါခြင်းအလှခတ်ပူဇော်ပွဲကို ဇန်နဝါရီ(၂၈)ရက်နေ့မှ ဖေဖော်ဝါရီ(၁၂)ရက်နေ့အထိ (၁၆)ရက် တိုင်တိုင် ပေါက်ကျော်မ မြန်မာ့ဆိုင်းဝိုင်းကြီးဖြင့် အထက်မြန်မာပြည်၊ အောက်မြန်မာပြည်မှ ခြင်းအလှ ခတ်အဖွဲ့ပေါင်း(၃၃၀)တို့က နံနက်(၉)နာရီမှ ည(၁၁)နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

 

မျိုးသန့်(ပြန်/ဆက်)