လိုင်လင်းပီ ၂၈ ဇန်နဝါရီ

             

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့၌ အသက်(၆)လမှ (၂) နှစ်အတွင်း ကလေးများအား (Vitamin MNS) အဏုအာဟာရမှုန့် တိုက်ကျွေးခြင်းကို လိုင်လင်းပီတိုက်နယ် ဆေးရုံတွင် ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။

 

"ကလေးတွေကို အသက်(၆)လ မတိုင်ခင်မှာတော့ မိခင်နို့တစ်မျိုးတည်းပဲ တိုက်ကျွေးရမှာပါ၊ အသက် (၆) လ ပြည့်ပြီဆိုရင်တော့ မိခင်နို့သာမက အခြားအာဟာရဓာတ်တွေလည်း တိုက်ကျွေးပေးဖို့ လိုလာပါပြီ၊ ခု(Vitamin MNS) အဏုအာဟာရမှုန့်က ကလေးတွေရဲ့ ကျန်းမာရေးနဲ့ ကြီးထွားဖွံ့ဖြိုးရေးအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ ဓာတုဓာတ်အများကြီး ပါဝင်ပါတယ်” ဟု တိုက်နယ်ဆေးရုံမှ ဆရာမတစ်ဦးကပြောသည်။

 

အဆိုပါ (Vitamin MNS) အဏုအာဟာရမှုန့်ကို ယခုဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် ပထမအကြိမ်၊ ဇူလိုင်လနှင့်သြဂုတ်လတို့တွင် ဒုတိယအကြိမ်အဖြစ် တစ်နှစ်လျှင်နှစ်ကြိမ် တိုက်ကျွေးမည်ဖြစ်ကြောင်း နှင့် ယနေ့တွင် လိုင်လင်းပီမြို့အမှတ် (၂) ရပ်ကွက်မှ ကလေးများအား တိုက်ကျွေးခြင်းဖြစ်ပြီး ဇန်နဝါရီ (၂၉) ရက်နေ့တွင် အမှတ်(၁)ရပ်ကွက်မှ ကလေးများအား ဆက်လက်တိုက်ကျွေး သွားကြမည်ဖြစ်ကြောင်း သိရှိရသည်။

 

သားပု(ပြန်/ဆက်)

 

mdn