ရန်ကုန် ၂၈ ဇန်နဝါရီ 

Thihayadanar Entertainment က စီစဉ်တင်ဆက်သည့် ဆရာတို့စာ ကျွန်တော်တို့အမြင် သူတို့စကား သုတရသစာပေစကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ရွှေဥဒေါင်းခန်းမ၌ ကျင်းပသည်။

အဆိုပါဆွေးနွေးပွဲတွင် စာရေးဆရာ မောင်ပေါ်ထွန်း၏ “သန်းခေါင်ယံ လွတ်လပ်ရေး” သုတရသစာအုပ်၊ စာရေးဆရာသစ္စာနီ၏ ကဗျာ၊ ဝတ္ထုစာပေအထွေထွေ လက်ရာ၊ စာရေးဆရာလေးမြတ်၏ စာအုပ် ၁၀ဝ စာပေဝေဖန်ရေးနှင့် စာရေးဆရာ မောင်ရင့်မာ(ကျောင်းကုန်း)၏ နွေနှောင်းညတစ်ည၌ လရောင်နှင့် လေညင်းကို တွေ့ရှိခြင်း အက်ဆေးများ စာအုပ်တို့နှင့်ပတ်သက်၍ စာရေးဆရာလေးကိုတင်က ဦးဆောင်ပြီး စာရေးဆရာ ဆောင်းဝင်းလတ်နှင့် စာရေးဆရာမ မီမိုးတို့က ဝိုင်းဖွဲ့ဆွေးနွေးကြသည်။

ထို့နောက် တက်ရောက်လာကြသည့် စာပေဝါသနာရှင်လူငယ်များက သိလိုသည်များကို မေးမြန်းကြရာ စာရေးဆရာများက ပြန်လည်ဖြေကြား ဆွေးနွေးကြသည်။

သတင်း၊ ဓာတ်ပုံ-ရီရီမြင့်