နေပြည်တော် ၂၈ ဇန်နဝါရီ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စုလွှတ်တော် D ဆောင်၊ ဒုတိယထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေးပူးပေါင်းကော်မတီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဉီးခင်မောင်ဝင်း၊ ပူးပေါင်းကော်မတီဒုတိယဥက္ကဋ္ဌ အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်း၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ပူးပေါင်းကော်မတီအတွင်းရေးမှူး အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး၊ တွဲဖက်အတွင်းရေးမှူး ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ဦးကျော်စိုးလင်းနှင့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင်များ အားလုံးပါဝင်သည့် လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီဝင်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများကို တင်သွင်းထားသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၏ ကိုယ်စားပြုကိုယ်စားလှယ်များဖြစ်သော ဦးသိန်းထွန်း (ကျောင်းကုန်းမဲဆန္ဒနယ်)၊ ဒေါက်တာမောင်သင်း (မိတ္ထီလာမဲဆန္ဒနယ်)၊ ဗိုလ်မှူးချုပ်မောင်မောင် (တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊ ဗိုလ်မှူးချုပ်အောင်စန်းချစ် (တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)၊ ဦးစိုင်းသန်းနိုင် (ကရင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်-၅)၊ ဦးဌေးဝင်းအောင်(ခ)ဦးပြုံးချို (ဒေါပုံမဲဆန္ဒနယ်)၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ပြည်ထောင်စု လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်