နေပြည်တော် ၂၈ ဇန်နဝါရီ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး မစ္စတာ စကော့မာစီရာယ်နှင့် အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၅) ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၊ ဆိပ်ကမ်း အခြေခံအဆောက်အအုံ ဖွံ့ဖြိုးမှုနှင့် ရထားပို့ဆောင်ရေးလုပ်ငန်းများတွင် အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များ၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ မူဝါဒနှင့် ဥပဒေရေးဆွဲရေးတို့တွင် နည်းပညာအတွေ့အကြုံများ ဖလှယ်ရေးကိစ္စရပ်များနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
သတင်းစဉ်