ဆားလင်းကြီး  ၂၈  ဇန်နဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ဆုံတားကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီက လုပ်ငန်းအရည်အသွေး ပြည့်မီစေရေးအတွက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစောမောင်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးခိုင်နှင့် ဝန်ထမ်းများက  ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် လုပ်ငန်းအရည်အသွေး ပြည့်မီမှုရှိစေရေး၊ စံချိန်စံညွှန်း ကိုက်ညီမှုရှိစေရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးအတွက် တာဝန်ယူဆောင်ရွက်နေသည့် ကုမ္ပဏီမှ တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

 

a

 

အဆိုပါ ကုန်ထုတ်လမ်းသည် အရှည် ၆ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ထုထည် ၁ ပေ ၉ လက်မထုရှိပြီး ကျောက်ရောမြေ၊ ဂျင်းလမ်းအမျိုးအစားဖြစ်ကာ  မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ်၂၉၂ သိန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မင်းခန့်စိုး(ဇေယျာမြေ)