ကန့်ဘလူ ၂၉ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ အမှတ်(၃)ရပ်ကွက် ညောင်အိုင်ရပ်တွင် ဇန်နဝါရီ ၂၈ ရက်နံနက်ပိုင်းတွင် မီးလောင်မှုတွင် ဆုံးရှုံးခဲ့သော မီးဘေးသင့်အိမ်ထောင်စုနှင့်သေဆုံးသူ များအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူများသည် ဇန်နဝါရီ ၂၈ ရက်မွန်းလွဲ ၄ နာရီခွဲက သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ခဲ့ရာတွင် မီးလောင်မှု၌ ပျက်စီးဆုံးရှုံးခဲ့သော လူနေအိမ်တစ်လုံးမှ အိမ်ထောင်စု တစ်စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် ၂၀ဝ၀ဝ၀၊ မီးလောင်မှုတွင် သေဆုံးခဲ့သူ နှစ်ဦးအတွက် ထောက်ပံ့ငွေကျပ် ၆၀ဝ၀ဝ၀ စုစုပေါင်း ကျပ် ၈၀ဝ၀ဝ၀ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ သည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)