မန္တလေး ၂၉ ဇန်နဝါရီ

 

မန္တလေးတက္ကသိုလ်နှင့် Australia Myanmar Institute (AMI) တို့ ပူးပေါင်း၍ ဘာသာရပ်ဆိုင်ရာ  ဆွေးနွေးပွဲနှင့် ပါရဂူဘွဲ့များနှင့် မဟာဘွဲ့များ စကောလားရှစ် အစီအစဉ် ရှင်းလင်းဆွေးနွေးပွဲ၊ နိုင်ငံခြား တက္ကသိုလ်များတွင် အဆင့်မြင့်ပညာများ သင်ကြားနိုင်မှု ပြသပွဲကို ဇန်နဝါရီ ၂၇ ရက်နှင့် ၂၈ ရက်များက မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် မန္တလေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်နှင့် Australia Myanmar Institute (AMI) မှ Mr.Christofer lammb တို့က အဖွင့်အမှာစကားများ ပြောကြားကြပြီး မန္တလေးတက္ကသိုလ် ဘာသာရပ်ဆိုင်ရာ ပါမောက္ခများနှင့် Australia Myanmar Institute (AMI) မှ ပါမောက္ခများက နိုင်ငံတကာတွင် ပြောင်းလဲသင်ကြားနေသော သင်ကြားသင်ယူမှုများနှင့် သင်ရိုးဆိုင်ရာ သုတေသန စာတမ်းများကို ဖတ်ကြားဆွေးနွေးကြသည်။

 

ဇန်နဝါရီ ၂၈ ရက် မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ ဘွဲ့နှင်းသဘင်ခန်းမတွင် နိုင်ငံတကာ တက္ကသိုလ် များတွင် အဆင့်မြင့်ပညာများ သင်ယူနိုင်မှု အခွင့်အလမ်းနှင့် မဟာဘွဲ့၊ ပါရဂူဘွဲ့ဆိုင်ရာ စကောလားရှစ် အစီအစဉ်များ ရှင်းလင်းမိတ်ဆက်ပွဲကျင်းပရာ တက္ကသိုလ်များမှ ဆရာဆရာများ၊ ဘွဲ့လွန်ကျောင်းသား ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။  

 

မောင်ပြည်သူ(မန္တလေး)