မုံရွာ ၂၉ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် တိုင်းကျန်းမာရေးဦးစီးဌာန၊ ကုတင် (၅၀၀) အထွေထွေရောဂါကု ဆေးရုံကြီး၊ မုံရွာမြို့ German Interplast အသင်း မြန်မာစားဖိုမှူးများ အသင်း မုံရွာမြို့ ပရဟိတအဖွဲ့များ ပူးပေါင်း၍ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ခြေပူး၊ လက်ပူး၊ မီးလောင်ဒဏ်ရာ၊ အဖုအကျိတ်ဝေဒနာရှင်များအား အခမဲ့ခွဲစိတ်ကုသမှု အစီအစဉ် အောင်မြင်ခြင်း အထိမ်းအမှတ်နှင့် ဂုဏ်ပြုနှုတ်ဆက်ပွဲ အခမ်းအနားကို ယမန်နေ့ ည ၇ နာရီတွင် မုံရွာမြို့ရှိ မုံရွာဟိုတယ်၌ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် တက်ရောက် ဂုဏ်ပြုသည်။
ထို့နောက် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒေါက်တာဝင်းလွင်၊ ဂျာမန် Interplast အဖွဲ့မှ ခေါင်းဆောင်ဆရာဝန်ကြီး Mr.Hi ၊ ဤအစီအစဉ်အား တာဝန်ခံဆောင်ရွက်သူ ဦးကျော်တင်နှင့် မြန်မာစားဖိုမှူးများအသင်းမှ Mr.Oliver တို့က နှုတ်ဆက်စကား ပြောကြားကြသည်။
ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးဗိုလ်မှူးကြီး သန်းထွန်းအောင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ဦးစိုးဦး၊ စည်ပင်သာယာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးမြင့်ကြည်၊ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးဌာန၊ ဝန်ကြီးဒေါ်နန်းမွှေးမွှေးခင်၊ ဥပဒေချုပ် ဦးခင်မောင်လှနှင့် တာဝန်ရှိသူများကဂုဏ်ပြု မှတ်တမ်းလွှာများကို ပေးအပ်ကြသည်။
ထို့နောက် ချင်းတွင်းအားမာန် လူမှုကူညီရေးအသင်းများဥက္ကဋ္ဌ ဦးဌေးဝင်းမှ နိဂုံးချုပ် အမှာစကား ပြောကြားသည်။
မွှေးကြူဇင်၊ ဓာတ်ပုံ - ထွန်းကိုကို