ကုန်းကြမ်း  ၂၉  ဇန်နဝါရီ

 

ရှမ်းပြည်နယ်မြောက်ပိုင်း ကုန်းကြမ်းမြို့နယ်အတွင်းရှိ ရှောက်ထန်၊ ပန်းကွေမိန်၊ ချန်မော်စီး၊ ချင်စူးကျိုင်း၊ ကျုံယွီထန်၊ ရှားယွီထန်၊ မန်တုံ၊ ရှန်းမန်ဆာ၊ လော်ကော်ကျိုင်း၊ ကျွင်ညဲကျေးရွာ ၁၀ ရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း (NEP) ICB-3 တစ်အိမ်သုံး ဆိုလာစနစ်ဖြင့် မီးရရှိရေးဆောင်ရွက်နိုင်ရန်အတွက် အလှူငွေထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ညပိုင်း က လောက်ကိုင်မြို့ ဖူလီလိုက်ဟော်တယ်ခန်းမ၌ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အမှာစကား ပြောကြားသည်။

 

ဆက်လက်၍ ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်းက မိမိတို့ဌာနသည် မဟာဓါတ်အားလိုင်းတည်ရှိသည့် နေရာမှ ၁၀ မိုင်အထက် ဝေးကွာသော ကျေးရွာများအား ဌာနထည့်ဝင်ငွေ၊ ပြည်သူအချိုးကျ ထည့်ဝင်ငွေတို့ပေါင်းစပ်၍ တစ်အိမ်သုံးဆိုလာစနစ် ဖြင့်မီးရရှိရေးဆောင်ရွက်ပေးနေမှုအခြေ အနေများအား ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် အလှူရှင်များက ငွေကျပ် ၂၀ ဒသမ ၆၂၅ သန်းကို ကျေးရွာ ၁၀ ရွာအတွက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ငြိမ်းသူ