မန္တလေး ၂၉ ဇန်နဝါရီ   

 

၂၀၂၀ ပြည့်နှစ် တတိယအကြိမ် မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး အမျိုးသမီးဘောလုံးပြိုင်ပွဲများ ယှဉ်ပြိုင် ကစားရန် အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အမျိုးသမီးဘောလုံးအသင်းသည် အင်ဖာမြို့မှ တမူး - ကလေး - မုံရွာလမ်းမှ တစ်ဆင့် မော်တော်ယာဉ်များဖြင့် ထွက်ခွာလာရာ ယနေ့ နံနက် ၇ နာရီတွင် ရတနာပုံ တံတားထိပ်သို့ရောက်ရှိခဲ့ပြီး မန္တလေးမြို့အခြေစိုက် အိန္ဒိယနိုင်ငံကောင်စစ်ဝန်ချုပ် Nandan Singh Bhaisora၊ အားကစားနှင့် ကာယပညာသိပ္ပံ (မန္တလေး) ကျောင်းအုပ်ကြီး ဦးမျိုးမြင့်အောင်၊ မန္တလေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဦးခင်ဇော်နှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။       

 

မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး အမျိုးသမီးဘောလုံးပြိုင်ပွဲကို ဇန်နဝါရီ ၃၀ ရက် ညနေ ၃ နာရီတွင် ပြင်ဦးလွင်မြို့ အားကစားကွင်းသစ်တွင် အိန္ဒိယနိုင်ငံ မဏိပူပြည်နယ် အမျိုးသမီးအသင်းနှင့် အားကစား နှင့် ကာယပညာသိပ္ပံ (မန္တလေး) အမျိုးသမီးအသင်းတို့သည်လည်းကောင်း၊ ဖေဖေါ်ဝါရီ ၂ ရက်တွင် မုံရွာမြို့ အားကစားကွင်း၌ စစ်ကိုင်းတိုင်း အမျိုးသမီးအသင်းနှင့် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

 

မောင်ပြည်သူ(မန္တလေး)