ကျောက်ထု ၂၉  ဇန်နဝါရီ

           

ဂန့်ဂေါခရိုင် ကျောက်ထုမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်းများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၈ ရက် နံနက်တွင် ကျောက်ထုမြို့၌ စားသောက်ကုန်ရောင်းဝယ်သည့် ဆိုင်များအားစစ်ဆေးရာ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန် ရက်စွဲများ ဖော်ပြထားခြင်းမရှိသော (Borax) ပါဝင်နေသည့် နတ်သမီးအမှတ်တံဆိပ် သက်သတ်လွတ် ခေါက်ဆွဲထုပ်များအား သိမ်းဆည်းခဲ့ကြောင်း သိရသည်။

 

5

           

ထိုသို့ သိမ်းဆည်းရာတွင် အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၏ သတ်မှတ်စည်းကမ်းများ နှင့် ညီညွတ်မှုမရှိသည့် စားသောက်ကုန်များအား သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း ကျောက်ထုမြို့ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကိုကိုအောင်က ပြောသည်။

           

ထိုသို့စစ်ဆေးရာတွင် စားသောက်ကုန်ရောင်းဝယ်သည့် ဆိုင် ၂၀ ကျော်အား စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ဆိုင် ၁၀ ဆိုင်မှ ခေါက်ဆွဲထုပ် ၂၁၂ ထုပ်ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

68+

 

မောဟေမာန်(ပြန်ဆက်)