ဖာပွန် ၂၉ ဇန်နဝါရီ
ကရင်ပြည်နယ် ဖာပွန်ခရိုင် ဖာပွန်မြို့နယ်တွင် လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေး စောင်ရှောက်မှု အထိမ်းအမှတ်နေ့ (Universal Health Coverage Day)၊ ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးနှင့် ဆုံဆို့-မေးခိုင်ပါဝင်သော ကာကွယ်ဆေး(penta 4)ကို ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက် အစီအစဉ်တွင် စတင်ထည့်သွင်းတိုက်ကျွေးထိုးနှံခြင်း မြို့နယ်အဆင့် အသိပေးဆွေးနွေးခြင်း အခမ်းအနားကို ဇန်နဝါရီလ (၂၉)ရက် နံနက်(၁၀)နာရီအချိန်က ခရိုင်ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ဖာပွန်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက လူတိုင်းလက်လှမ်းမီနိုင်သော ကျန်းမာရေး လွှမ်းခြုံမှုဆိုင်ရာ အထိမ်းအမှတ်နေ့အဖွင့်မိန့်ခွန်း ပြောကြားသည်။ ထို့နောက် မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဝေလင်းက လူတိုင်းလက်လှမ်းမီနိုင်သော ကျန်းမာရေး လွှမ်းခြုံမှုဆိုင်ရာ အထိမ်းအမှတ်နေ့ (UHC)အကြောင်းနှင့် ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေးနှင့် ဆုံဆို့-မေးခိုင်ပါဝင်သော ကာကွယ်ဆေး (penta 4)ကို ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက် အစီအစဉ်တွင် စတင်ထည့်သွင်း တိုက်ကျွေးထိုးနှံခြင်းအကြောင်းများကို အသေးစိတ်ရှင်းလင်းပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသောသူများက သိရှိလိုသည်များအား ပြန်လည်ဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
အဆိုပါ အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဖာပွန်ခရိုင်အုပ်ချုပ်ရေးမှူး၊ ဖာပွန်မြို့နယ် အုပ်ချုပ်ရေးမှူး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ စုစုပေါင်း(၁၂၀)ခန့် တက်ရောက်ကြသည်။
ကျော်ဝဏ္ဏ(ပြန်/ဆက်)


