ပုလဲ ၂၉ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ်တွင် ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် သန်း ၅၅၀ ကျော်ဖြင့် တစ်ထပ်ကျောင်းဆောင်သစ်များကို ဆောက်လုပ်မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်မြို့နယ် ပညာရေးမှူး ဦးတင်ငွေ၏ ပြောကြားချက်အရ သိရသည်။

ပုလဲမြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးတင်ငွေက “၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ခွင့်ပြုရန်ပုံငွေကျပ် ၃၂၅ ဒသမ ၄ သန်းဖြင့် ပုလဲမြို့နယ်၊ လယ်ဓမ္မကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)အတွက် အလျားပေ ၁၂၀၊ အနံပေ ၃၀၊ အမြင့် ၁၂ ပေရှိ အုပ်ညှပ်၊ သွပ်မိုး တစ်ထပ်အမျိုးအစား ကျောင်းဆောင်သစ်၊ ကံပေါက်ကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်း အတွက် အလျားပေ ၁၂၀၊ အနံပေ ၃၀၊ အမြင့်၁၂ပေရှိ အုပ်ညှပ်၊ သွပ်မိုး တစ်ထပ်အမျိုးအစား ကျောင်းဆောင်သစ်၊ ရွာထင်ကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်းအတွက် အလျားပေ ၁၂၀၊ အနံပေ ၃၀၊ အမြင့် ၁၂ ပေရှိ အုပ်ညှပ်၊ သွပ်မိုး တစ်ထပ်အမျိုးအစား ကျောင်းဆောင်သစ်၊ ပန်းရွာကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်းအတွက် အလျားပေ ၁၂၀၊အနံပေ ၃၀၊ အမြင့်၁၂ပေရှိ အုပ်ညှပ်၊ သွပ်မိုးတစ်ထပ် အမျိုးအစား ကျောင်းဆောင်သစ်နှင့် အင်မထီးကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)အတွက် အလျားပေ ၁၂၀၊အနံ ပေ ၃၀၊အမြင့် ၁၂ ပေရှိ အုပ်ညှပ်၊ သွပ်မိုးတစ်ထပ် အမျိုးအစား ကျောင်းဆောင်သစ်များကို တင်ဒါအောင်မြင်သည့် ပြည်ကမ္ဘာကျော် ကုမ္ပဏီက တာဝန်ယူ တည်ဆောက်ပေးမှာဖြစ်ပြီးတော့ သေတ္တရာကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်းအတွက် အလျားပေ ၁၂၀၊ အနံပေ ၃၀၊ အမြင့် ၁၂ ပေရှိ အုပ်ညှပ်၊ သွပ်မိုး တစ်ထပ် အမျိုးအစား ကျောင်းဆောင်သစ်၊မင်းမ(အရှေ့)ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းအတွက် အလျားပေ ၁၂၀၊ အနံ ပေ ၃၀ ပေ၊ အမြင့် ၁၂ ပေရှိ အုပ်ညှပ်၊ သွပ်မိုးတစ်ထပ်အမျိုးအစား ကျောင်းဆောင်သစ်၊ ကြောင်သန်းကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်းအတွက် အလျားပေ ၁၂၀၊ အနံ ပေ ၃၀၊အမြင့် ၁၂ ပေရှိ အုပ်ညှပ်၊ သွပ်မိုး တစ်ထပ်အမျိုးအစား ကျောင်းဆောင်သစ်နှင့် ကိုင်းချောင်းတောတိုက်၊ အခြေခံပညာ မူလတန်းလွန်ကျောင်းအတွက် အလျားပေ ၆၀၊ အနံပေ ၃၀၊ အမြင့် ၁၂ ပေရှိ အုပ်ညှပ်၊ သွပ်မိုးတစ်ထပ်အမျိုးအစား ကျောင်းဆောင်သစ်ကို တင်ဒါအောင်မြင်သည့် ဘုန်းမြတ်ဖြိုး ကုမ္ပဏီက တာဝန်ယူတည်ဆောက်ပေးမှာ ဖြစ်ပါတယ် ” ဟု ပြောကြားခဲ့သည်။
အဆိုပါ ကျေးရွာများရှိ အခြေခံပညာကျောင်းများတွင် ကျောင်းဆောင်သစ်များ စတင် ဆောက်လုပ်နိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ တာဝန်ရှိသူများက ကျေးရွာများသို့ ကွင်းဆင်း၍ ကျောင်းအုပ်ကြီးများ၊ ကျောင်းအကျိုးတော်ဆောင် ကော်မတီဝင်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ ကျောင်းဆောင်သစ် ဆောက်လုပ်မည့် မြေနေရာရွေးချယ် တိုင်းတာခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မင်းခန့်စိုး(ဇေယျာမြေ)