မြင်းမူ ၂၉ ဇန်နဝါရီ
ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာ ရယူသုံးစွဲနိုင်ရေးနှင့် နွေရာသီတွင် ရေပြတ်လပ်မှု မဖြစ်ပေါ်စေရေးအတွက် ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု ခွဲဝေချထားငွေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ရေရရှိရေးလုပ်ငန်းများကို မြို့နယ်အတွင်းရှိ ကျေးရွာ (၃) ရွာတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့၏ အရှေ့ဘက်ခြမ်းရှိ မကျီးကန်ကျေးရွာတွင် ပေ (၄၀ဝ) အနက်ရှိ စက်ရေတွင်း၊ အမြင့်တင်ရေစင်နှင့် ရေစက်ရုံတို့ကို ငွေကျပ် (၁၆ ဒသမ ၉၇)သန်းဖြင့်လည်းကောင်း၊ အနောက်ဘက်ခြမ်းရှိ တောချောင်းဦးကျေးရွာတွင် အနက်ပေ (၅၀ဝ) ရှိစက်ရေတွင်း၊ အမြင့်တင်ရေစင်နှင့် ရေစက်ရုံတို့ကို ငွေကျပ် (၁၉ ဒသမ ၄၉)သန်းဖြင့်လည်းကောင်း လုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးရေးဦးစီးဌာန မှသိရသည်။
အလားတူ မကျီးစုကျေးရွာတွင် ရေများပိုမိုသိုလှောင်နိုင်သည့် မြေသားမိုးရေလှောင်ကန်ဆယ်ယူခြင်း လုပ်ငန်း ဆောင်ရွက်ရန်အတွက် တင်ဒါခေါ်ယူခြင်း ဆောင်ရွက်ထားကြောင်း မိုးရာသီမရောက်မီ အမြန်ပြီးစီးရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)