ဝမ်းတွင်း ၂၉  ဇန်နဝါရီ

 

ဝမ်းတွင်းမြို့နယ်တွင် ကလေးငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ကျရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး (Kaeru Caravan)ကစားနည်း(၁၀) မျိုးဖြင့် ပညာပေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(ဝမ်းတွင်း)တွင် ကျင်းပဆောင်ရွက်ခဲ့သည်။

 

သဘာဝဘေးအန္တရာယ်လျှော့ကျရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး(Kaeru Caravan)သည် ကလေးငယ်များအတွက် ဗဟုသုတနှင့် အသိပညာများရရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ Game ကစားနည်းများတွင် အရေးပေါ်မီးငြှိမ်းသတ်နည်း၊ စောင်ဖြင့်ထမ်းစင်ပြုလုပ်နည်းနှင့် သယ်ဆောင်နည်း၊ ရေသန့်ဘူးခွံဖြင့် အသက်ကယ်အင်္ကျီ ပြုလုပ်နည်းများ၊ သဘာဝဘေးအန္တရာယ် ပေါ်ပေါက်လာပါကဆောင်ရွက်ရမည့် နည်းစနစ်များ၊ မီးလောင်မှုကို ဖြစ်ပေါ်စေနိုင်မည့် အကြောင်းအရာများ၊ အရိုးကျိုးလူနာများအား ရှေးဦးပြုနည်းစသည့် Game (၁၀)မျိုးဖြင့် လေ့ကျင့်သင်ကြားကစားခဲ့ကြကြောင်းနှင့် ကလေးသူငယ်များအတွက် ကစားနည်းများပုံစံပညာပေးခြင်းဖြင့် အရေးပေါ်အခြေပေါ်ပေါက်လာပါက လျင်မြန်စွာ တုံ့ပြန်နိုင်ပြီး ထိခိုက်ဆုံးရှုံးမှု နည်းပါးစေမည် ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးစိုးထွန်းထံမှ သိရသည်။

 

အခမ်းအနားတွင် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဦးစိုးမိုးသူမှ သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအသိပညာပေးများ ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

 

ဌေးလှိုင်(ဝမ်းတွင်း)

 

mdn