ပန်းတောင်း ၂၉ ဇန်နဝါရီ
ပြည်ခရိုင်၊ ပန်းတောင်းမြို့၊ မင်းရပ်ကွက်၊ ပန်းခြံဘေး ညဈေးတန်းဈေးရောင်းပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် ဖွင့်လှစ်ခဲ့သည်။
အဆိုပါ ဖွင့်လှစ်ပွဲသို့ ပန်းတောင်းမြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး အောင်အောင်၊ ပန်းတောင်းမြို့နယ် NLD ဥက္ကဋ္ဌ ဦးရဲဒင်၊ မင်းရပ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ယင်းနောက်ညဈေးတန်း ဆိုင်ခန်းတွင် ဆိုင်ခန်းပေါင်း ၂၇ ခန်းနှင့် ဆိုင်ခန်းရောင်းချပြီး ဆိုင်ခန်းများမှာ အသား၊ ငါးတန်းများ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးတန်းများနှင့် စားသောက်ကုန်တန်းများ ပါရှိပြီး ရောင်းချလျက်ရှိသည်။
ဈေးရောင်းပွဲတော်သို့ မြို့နယ်ဌာနဆိုင်ရာများ NGO အဖွဲ့အစည်းများ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ပန်းတောင်းပြန်/ဆက်