ရေဦး ၂၉ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ထန်းဘဲလှကျေးရွာတွင် ကျေးရွာသောက်သုံးရေ ဖူလုံစေရေးအတွက် အနက် ၄၀ဝ ပေရှိ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက စတင်တူးဖော်လျက်ရှိကြောင်း သိရသည်။
အဆိုပါ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းကို ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး တူးဖော်ရေး လုပ်ငန်းများကို သန့်ကြယ်စင်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းသန်း(ရေဦး)