ချောင်းဦး  ၃၀  ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ၀ယာကျေးရွာ ကုန်ထုတ်လမ်းဆောင်ရွက်နေမှုအား မုံရွာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေး က ဇန်နဝါရီ ၃၀ ရက်၊ နံနက် ၉ နာရီ အချိန်က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

 

ဝယာကျေးရွာကုန်ထုတ်လမ်းသည် ဂျင်းခင်းခြင်းလုပ်ငန်းဖြစ်ပြီး ခွင့်ပြုငွေကျပ် (၄၃ ဒသမ ၈)သန်းဖြင့် တင်ဒါအောင်မြင်ခဲ့သည့် Royal Zay ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက် နေမှုအပေါ်လုပ်ငန်းအားလုံး သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေးနှင့် သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးရေးအတွက် ဌာနမှကြီးကြပ် ဆောင်ရွက်လျှက်ရှိပါကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဒေါ်ခင်စိုးဝင်း က ရှင်းလင်းပြောပြသည်။

 

၀ယာကျေးရွာကုန်ထုတ်လမ်း တာဝန်ယူဆောင်ရွက်လျှက်ရှိသည့် Royal Zay ကုမ္ပဏီအနေဖြင့် လုပ်ငန်းအရည်အသွေးပြည့်မီစွာ ဆောင်ရွက်ပေးရန်နှင့် မြို့နယ်ကျေးလက်ဒေသဦးစီးဌာန၏ ကြီးကြပ် ဆောင်ရွက်မှုကို လိုက်နာဆောင်ရွက်ပေးကြရန်၊ ကျေးရွာကုန်ထုတ်လမ်း ကော်မတီများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ကုန်ထုတ်လမ်းဆောင်ရွက်နေမှုအပေါ် ကျေးရွာကော်မတီအဖွဲ့အနေဖြင့် ပူးပေါင်းဆောင်ရွက် ပေးကြရန်၊ မုံရွာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေး က ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

 

ကွင်းဆင်းကြည့်ရှုရာသို့ မုံရွာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေး၊ ချောင်းဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိုး၀င်းနှင့် ၀န်ထမ်းများ၊ တင်ဒါအောင်မြင်ခဲ့သည့် Royal Zay ကုမ္ပဏီမှတာဝန်ရှိသူများ၊ ၀ယာကျေးရွာကုန်ထုတ်လမ်း ကော်မတီ၀င်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

အိအိအောင်(ချောင်းဦး)