ဘိုကလေး ၃၀ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏စီစဉ်မှု၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ပူးပေါင်း၍ ကလေးစာပေပွဲတော်ကို ဇန်နဝါရီ (၂၉)ရက်တွင် စတင်ကျင်းပရာ ယနေ့ကလေးစာပေပွဲတော် ဒုတိယနေ့၌ ကျန်းမာရေးပြခန်းအတွင်း လေ့လာကြည့်ရှုသူများနှင့်အတူ ကျန်းမာရေးစောင့်ရှောက်မှု ခံယူသူများဖြင့် အထူးစည်ကား လျက်ရှိသည်။
အဆိုပါပြခန်းအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူး၍ ဖွင့်လှစ်ပြသခြင်းဖြစ်ပြီး ပြခန်းတွင် သွားနှင့်ပတ်သတ်သည့် သိကောင်းစရာများ၊ ဆားတွင်အိုင်အိုဒင်းပါဝင်မှု၊ လက်ဆေးနည်း၊ အစာအုပ်စု (၃)အုပ်စုအကြောင်းအရာများအား လက်တွေ့သရုပ်ပြသကြောင်း၊ မိခင်၊ ကလေး နှင့် ပတ်သတ်သည့် ကိရိယာပစ္စည်းများ အသုံးပြုပုံများ ရှင်းလင်းပြသကြောင်း၊ ခြင်ဆေးဖျန်းဆက်၊ ခြင်လောက်လန်းသေဆေး၊ ကွမ်းယာ၊ ဆေးလိပ်၊ အရက်နှင့် ကင်ဆင်ရောဂါ ဆက်စပ်နေမှုများအကြောင်း၊ အာဟာရချို့တဲ့မှုများအကြောင်း ရှင်းလင်းပြသကြောင်းနှင့် ပွဲတော်လာရောက်သည့် ကျောင်သား/သူများအား ကျန်းမာရေးစောင့်ရှောက်မှုများပေးခြင်းဖြင့် အဆိုပါ ပြခန်းအတွင်း အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
မိုးစက်၊ အောင်ဝင်းနိုင်(ပြန်/ဆက်)