မြစ်ကြီးနား ၃၀ ဇန်နဝါရီ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် အိမ်နီးခြင်းတရုတ်နိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည့် ဝူဟန် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် ကချင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ကျန်းမာရေးဝန်ထမ်းများက ရောဂါကူးစက်ရာ လမ်းကြောင်းများတွင် ပိတ်ဆို့ခြင်း၊ စစ်ဆေးခြင်းနှင့် တရားဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများအား ကျန်းမာရေး စစ်ဆေးခြင်းများကို သတ်မှတ်နေရာ အသီးသီးတွင် ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၉ ရက်က မြစ်ကြီးနားလေဆိပ်တွင် လေကြောင်းခရီးနှင့် လိုက်ပါလာသည့် တရုတ်နိုင်ငံသားမျာအား ကျန်းမာရေးစစ်ဆေးပေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ မြစ်ကြီးနားလေဆိပ်တွင် လေကြောင်းခရီးနှင့် လိုက်ပါလာသည့် တရုတ်နိုင်ငံသားမျာအား ဝူဟန် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံထားရခြင်း ရှိ/မရှိအား မြစ်ကြီးနားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဖြိုးနန္ဒာဆွေနှင့် ကျန်းမာရေးဝန်ထမ်းများက ခန္ဒာကိုယ် အပူချိန်တိုင်းတာခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်းများကို မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီအထိ ဆောင်ရွက်ပေးခဲ့ရာ လေယာဉ်စီးခရီးသည် တရုတ်နိုင်ငံသား အမျိုးသား(၁၀)ဦးနှင့် အမျိုးသမီး(၄)ဦးတို့အား ကျန်းမာရေးစစ်ဆေး ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
မိုဃ်းကျ(မြစ်ကြီးနား)