မိတ္ထီလာ ၃၀  ဇန်နဝါရီ

 

မိတ္ထီလာမြို့ရှိ စည်ပင်သာယာစျေးကြီးတွင် မီး​လောင်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် မီးဘေး လုံခြုံရေးဆိုင်ရာ ထားရှိမှုအခြေအနေများကို ယနေ့ နံနက် ၉ နာရီခွဲက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

“ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်လို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မိတ္ထီလာမြို့ စည်ပင်သာယာစျေးကြီးမှာ မီးလန့်မှု၊ မီးလောင်မှု မဖြစ်ပွားစေရန်နဲ့ မီးလန့်မှုဖြစ်ပွားပါက ငြိမ်းသတ် နိုင်ရန် ထားရှိတဲ့ ရေလှောင်ကန်များ၊ ရေစက်များအခြေအနေ၊ စျေးကြီးအတွင်းမှာ ရောင်းချလျက်ရှိတဲ့ အထည်ဆိုင်များ၊ အလှကုန်ပစ္စည်းဆိုင်များ၊ ပရိဘောဂဆိုင်များ၊ ကုန်ခြောက်ဆိုင်များ စတဲ့ စျေးဆိုင်ခန်းများမှာ မီးဘေးလုံခြုံရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မီးသတ်ဆေးဗူး ထားရှိမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါတယ် ” ဟု ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးထက်အောင်က ပြောကြားသည်။

 

အဆိုပါ စည်ပင်သာယာစျေးကြီးတွင် မီး​ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးဘေး လုံခြုံရေးဆိုင်ရာ ထားရှိမှုအခြေအနေများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊  မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ၊ စျေးတာဝန်ခံများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်  မီးသတ် တပ်ဖွဲ့ဝင်တို့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)