မိုင်းယောင်း ၃၀  ဇန်နဝါရီ

 

မြန်မာ-တရုတ်နယ်စပ် အဝင်/အထွက်ဂိတ်များတွင် Coronavirus (အဆုတ်ရောင်ရောဂါ) ကူးစက်ခံရခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်နေမှုကို ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းက ဇန်နဝါရီ ၂၉ ရက် မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမြင့်ဦး၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမင်းသိန်းနှင့် တာဝန်ရှိသူများလိုက်ပါ၍ ကျင်းယဲန်းတံတားပေါ်တွင် ဖြတ်သန်းသွားလာနေသော ပြည်သူ ၈၃၆ ဦးအား Infrared Thermometer စက် ၃ လုံးဖြင့် Coronavirus (အဆုတ်ရောင်ရောဂါ) ကူးစက်ခံရခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်နေမှုကို  သွားရောက်ကြည့်ရှုခဲ့ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ ရှင်းလင်းတင်ပြကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

စိုင်းအောင်ဇော်လင်း