နေပြည်တော်  ၃၀   ဇန်နဝါရီ

           

မော်တော်ယာဉ် တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ (၁/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင်   စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

           

အခမ်းအနားတွင် မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ၂၀၂၀ ပြည့်နှစ်အတွက် ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခြင်းတွင် ထုတ်လုပ်ခုနှစ် (Model Year) သတ်မှတ်ချက်ကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ (၃၁) ရက် နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၆၀/၂၀၁၉) ဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ ကုမ္ပဏီများ အရောင်းစင်တာ၊ အရောင်းပြခန်း ဖွင့်လှစ်ဆောင်ရွက်ရာတွင် စနစ်တကျဖြစ်စေရေးအတွက် လုပ်ငန်းသုံးယာဉ် အရောင်းစင်တာစည်းကမ်းချက်များကို အမိန့်ကြောငြာစာအမှတ် (၂/၂၀၂၀)၊ (၃/၂၀၂၀)တို့ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ကြောင်း၊ မော်တော်ယာဉ်တင်သွင်းခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနများမှ တွေ့ကြုံရသည့် အခက်အခဲများကို ကော်မတီဝင်များက ဝိုင်းဝန်း ဆွေးနွေး အကြုံပြုပေးရန်ပြောကြားသည်။

 

6

                                                                                                                                   

ယင်းနောက် တက်ရောက်လာကြသော ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာလုပ်ငန်း များဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများအား တင်ပြဆွေးနွေးကြရာ တင်ပြချက် များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြည့်စွက်ဆွေးနွေးကာ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။

 

 

(သတင်းစဉ်)