နေပြည်တော် ၃၀ ဇန်နဝါရီ

 

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine SchranerBurgener နှင့် အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ရခိုင်ပြည်နယ်ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ ဖွဲ့စည်းထားသည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (Independent Commission of Enquiry -ICOE) ၏ အစီရင်ခံစာပါ အကြံပြုချက်များအား အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့်စပ်လျဉ်းသည့်ကိစ္စ၊ ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (UPR) နှင့်စပ်လျဉ်း၍ တတိယအကြိမ် အစီရင်ခံစာတင်သွင်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖြစ်ပေါ်တိုးတက်မှု၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေကြမ်းကို လွှတ်တော်သို့တင်ပြထားရှိမှု အခြေအနေနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပြဋ္ဌာန်းပြီးနောက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြသည်။

 

သတင်းစဉ်