ဖားကန့် ၃၁ ဇန်နဝါရီ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းရတနာနယ်မြေ၊ သာယာကုန်းကျေးရွာအနီး၌ ရေမဆေးကျောက်တူး ကျောက်ရှာသူ အမျိုးသားတစ်ဦးသည် ၎င်းတူးဖော်နေသည့် အမြင့်ပေ (၃၀ဝ)ခန့်ရှိ ကျင်းကမ်းပါးပေါ်မှ အောက်သို့ မတော်တဆ ပြုတ်ကျသေဆုံးခဲ့မှု ယမန်နေ့ မွန်းလွဲ (၂)နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ ဇော်နိုင်ဝင်း၊(၃၄)နှစ်မှာ မှော်စီစာကျေးရွာ၊ အောင်သာယာ(၂)တွင် နေထိုင်သူ ဖြစ်ပြီး ရေဦးမြို့နယ်မှ လာရောက်အသက်မွေးဝမ်းကျောင်းပြုသူဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ လုံးခင်းနယ်မြေရဲစခန်း၌ သေမှုသေခင်းဖွင့်လှစ်ထားကြောင်း သိရသည်။
တာလင်းမောင်(ပြန်/ဆက်)