ရေကြည် ၃၁ ဇန်နဝါရီ
ဂျပန်-မြန်မာချစ်ကြည်ရေး အတွန့်ရှည်ရန် ရည်ရွယ်ပြီး ဂျပန်သံရုံးမှ ဒုတိယအတွင်းဝန် Mr.Hiroyuki Oishi က ဂျပန်နိုင်ငံအကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိစေရန် ဂျပန်နိုင်ငံရှိ အထင်ကရမြို့များ ၊ကျွန်းကြီးများနဲ ဂျပန်ရိုးရာကလေးကစားနည်းများကို ကျောင်းသူကျောင်းသားများ ဗဟုသုတ ရရှိအောင် အကျယ်တဝင့် ရှင်းလင်းပြောပြပြီး ကျောင်းသား/ကျောင်းသူများက သိလိုသည်များကို မေးမြန်းရာ ဂျပန်သံရုံးမှ ဒုတိယအတွင်းဝန် Mr.Hiroyuki Oishi ပြန်လည်ဖြေကြားခဲ့သည်။
ဆက်လက်ပြီး ဂျပန်ရိုးရာ ကလေးကစားနည်းမျာကို လက်တွေ့ကစားပြရာ ကျောင်းသား ကျောင်းသူလေးများက စိတ်ဝင်တစား ပါဝင်ကစားခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်ရှိ ရပ်သာကြီးကျေးရွာတွင် ဇန်နဝါရီ ၃၀ ရက် မွန်းလွဲပိုင်းက ဂျပန် - မြန်မာ ချစ်ကြည်ရေး အခြေခံအလယ်တန်းကျောင်း (ရပ်သာကြီး) ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားအပြီး၌ ကျောင်းသားကျောင်းသူများကို တွေ့ဆုံပြီး ဂျပန်နိုင်ငံအကြောင်း မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။
မင်းဇော်ဦး (ရေကြည်)


