ကြာအင်းဆိပ်ကြီး ၃၁ ဇန်နဝါရီ
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာန အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်းပြီး (GMSAEDC) Greater Mekong Sub region Agriculture and Education Development Centre ၏ အထောက်အပံ့ဖြင့် အခြေခံပညာကျောင်းများ၌ မူလတန်းအဆင့် ကျောင်းသူ ကျောင်းသား ကလေးငယ်အရွယ်မှစတင်ကာ စိုက်ပျိုးရေးအခြေခံကောင်းများကို စိတ်ပါဝင်စားစွာ သိရှိနားလည် လာနိုင်စေရေးအတွက် ရည်ရွယ်ပြီး ကျောင်းဥယာဉ် (School Garden)ကို အခြေခံပညာကျောင်း(၅)ကျောင်း၌ ဇန်နဝါရီ ၂၂ ရက်နေ့က စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ကျောင်းဥယာဉ်၌ အကောင်အထည်ဖော်စိုက်ပျိုးခဲ့သော ဟင်းသီးဟင်းရွက် သီးပင်းစားပင်များ ပိုးမွှားကျရောက်ပြီး မပျက်စီးစေရေးအတွက် စိုက်ပျိုးရေးဝန်ထမ်းများက သွားရောက်ပြီး ကြက်သွန်ဖြူ သဘာဝပိုးနှင့် ဆေးဖျော်စပ်ခြင်းကို လက်တွေ့ဖျော်စပ် သရုပ်ပြသပေးပြီး ဆရာ/ဆရာမ နှင့် ကျောင်းသား ကျောင်းသူများအား ကိုယ်တိုင် လက်တွေ့ဖျော်စပ်စေခဲ့ကြောင်း သိရသည်။
ထို့နောက ်စိုက်ပျိုးရေးဝန်ထမ်းများက အ-မ-က(၃)တံခွန်တိုင် အ-မ-ကဒိုင်လွတ် အ-မ-ကထီဖိုးနိုင်း (ကရင်) အထ-က(ခွဲ)ကျုံခဝန် အ-ထ-ကထီးမံထို ကျောင်းများအား ကျောင်းဥယာဉ် School Gardenအတွက် လိုအပ်သော စိုက်ပျိုးရေးသုံး အထောက်အကူပြုပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးမင်းဦးပြန်/ဆက်