တောင်ကြီး  ၃၁  ဇန်နဝါရီ 

 

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးတက္ကသိုလ်၊ အထူးပြုဘာသာရပ်ပေါင်းစုံမှ ကျင်းပပြုလုပ်သော မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ဇန်နနဝါရီ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် တောင်ကြီးတက္ကသိုလ်၊ ဘက်စုံခန်းမရှေး၌ ကျင်းပခဲ့သည်။

 

မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို တောင်ကြီးတက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းအိ က အမှာစကားပြာကြားရာတွင် ယနေ့တွင် တောင်ကြီးတက္ကသိုလ်မှ ဒဿနိဗေဒဘာသာရပ်အသင်း၊ ပထဝီဝင်ဘာသာရပ်သင်း၊ ဥပဒေပညာဘာသာရပ်အသင်း၊ သမိုင်းဘာသာရပ်အသင်း၊ သတ္တဗေဒဘာသာရပ်အသင်း၊ ရူပဗေဒဘာသာရပ်အသင်း၊ ဓာတုဗေဒဘာသာရပ်အသင်း၊ အင်္ဂလိပ်စာဘာသာရပ်အသင်း၊ မြန်မာစာဘာသာရပ်အသင်း၊ ဘူမိဗေဒဘာသာရပ်အသင်း၊ သင်္ချာဘာသာရပ်အသင်း၊ အရှေ့တိုင်းပညာဘာသာရပ်အသင်း၊ ရုက္ခဗေဒဘာသာရပ်အသင်း၊ ပြိုင်ပွဲဝင်သင်း (၁၃)သင်းဝင် ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း ပြောကြားခဲ့သည်။

 

မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ပါမောက္ခဌာနမှူး ဒေါက်တာနွယ်နွယ်စန်းက  ပြိုင်ပွဲဝင်စည်းမျဉ်းများ ကိုရှင်းလင်းတင်ပြခဲ့သည်။ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယှဉ်ပြိုင်ပြီး၊ ပြိုင်ပွဲဝင်အသင်းတွင် ဆုရရှိသော အသင်းများကို တောင်ကြီးတက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာမူမူမြင့် က ပထမဆုရရှိသော မြန်မာစာဘာသာရပ်အသင်းအား ဆုငွေများချီးမြှင့်ခြင်း၊ တောင်ကြီးတက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာ ဝင်းဝင်းအိ က ဒုတိယဆုရရှိသော ရူပဗေဒဘာသာရပ်အသင်းအား ဆုငွေမများ ပေးအပ်ခဲ့ပြီး တာဝန်ရှိသူများက ဆုရအသင်းများကို အသီးသီး ဆုများချီးမြှင့်ပေးအပ် ခဲ့ကြကြောင်း သိရသည်။

 

စိုင်းသန်းကျော်(တောင်ကြီး)