ကျောက်ထု  ၁ ဖေဖော်ဝါရီ

 

ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသရှိ ကျေးလက်နေလူငယ်များ၏ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုစေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး မြို့နှင့်ဝေးကွာသော ကျေးရွာအုပ်စု ဒေသများတွင် ဆိုင်ကယ်ဖြင့် ဆက်သွယ်သွားလာကြရကြောင်း သိရသည်။

 

သို့ဖြစ်ရာ ဆိုင်ကယ်ပြုပြင်ခြင်းပညာလည်း တတ်သိရန်လိုအပ်လျက်ရှိရာ ကျောက်ထုမြို့ ဆိုင်ကယ်ပြင်ဆရာ ကိုစိုးနေလင်း (တိမ်လွှာ)က ဆိုင်ကယ်ပြုပြင်ခြင်းပညာကို အခမဲ့ သင်ကြားပေးလျက်ရှိရာ ကျေးလက်နေလူငယ်များ လာရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

မောဟေမာန် (ပြန်ဆက်)